เข้าสู่ระบบ เข้าสู่ระบบ ทดลองขับ ทดลองขับ สินค้าตามการใช้งาน สินค้าตามการใช้งาน ผู้แทนจำหน่าย ผู้แทนจำหน่าย คำนวนสินเชื่อ คำนวนสินเชื่อ

ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက်ရေး မူဝါဒ

စယမ်းကူဘိုတာကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်

 

              စယမ်းကူဘိုတာကော်ပိုရေးရှင်းကုမ္ပဏီလီမိတက် ( ကုမ္ပဏီ သို့မဟုတ် ကျွန်ုပ်တို့  ဟုကိုယ်စားပြုသုံးနှုန်းသွားမည်) သည် ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးးဆောင်ရွက်မှုအခမ်းအနားပွဲများ၌ ပါဝင််ကြသော လူပုဂ္ဂိုလ််များ၊ ပွဲတက်ရောက်သူများ၊ လာရောက်လည်ပတ်ကြည့်ရှုသူဧည့်သည်များအပြင် ကုမ္ပဏီ၏ အခမ်းအနားပွဲ၊ ပြပွဲ (သို့) အခြားလှုပ်ရှားဆောင်ရွက်မှုများကို တက်ရောက်ရန်အတွက် စာဖြင့် ပေးပို့လျှောက်ထားခြင်း၊ အီလက်ထရောနစ်ဆက်သွယ်ရေးပုံစံဖြင့် အချက်အလက်ပေးပို ့ စာရင်းသွင်းခြင်းများ၊ ကုမ္ပဏီ (သို့) ကုမ္ပဏီအုပ်စု၏လက်အောက်ခံ ကုမ္ပဏီခွဲ (သို့) အခြားသက်ဆိုင်ရာကုမ္ပဏီ ဝက်ဘ်ဆိုက် (သို့) အပလီကေးရှင်းတို့ မှတဆင့် စာရင်းသွင်း မှတ်ပုံတင်လာသူများ (ဖောက်သည်နှင့်လာရောက်လည်ပတ်ကြည့်ရှုသူ သို့မဟုတ် သင်  ဟု စုပေါင်း ကိုယ်စားပြုသုံးနှုန်းသွားမည်) ၏ ပုဂ္ဂိုလ်ရေး အချက်အလက် များကို စုဆောင်း အသုံးပြု ထုတ်ဖော်တင်ပြမှု ( အချက်အလက်စီမံကြီးကြပ်မှု  ဟု စုပေါင်း ကိုယ်စားပြုသုံးနှုန်း သွားမည်) ပြုသွားပါမည်။ ဤသို့ ဆိုရာ၌ ကုမ္ပဏီ အနေနှင့် ဖောက်သည်နှင့် လာရောက်လည်ပတ်ကြည့်ရှုသူတို့၏ အသက်အရွယ်ကို အလိုအလျောက် စစ်ဆေး သိရှိနိုင်စွမ်း မရှိသဖြင့် မိမိ၏ သိရှိခွင့်ပြုချက် မရပဲ ကုမ္ပဏီသို ့ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပေးအပ်ခဲ့သူ လူငယ်လူရွယ်တို့၏ မိဘများ အနေဖြင့်  ပုဂ္ဂိုလ်ရေး အချက်အလက် အကာအကွယ်ပေးမှုဆိုင်ရာ မူဝါဒ စာတမ်းတွင်ပါဝင်သည့် အချက်အလက်များနှင့်အညီ ကုမ္ပဏီထံ ဆက်သွယ်၍ အဆိုပါ အချက်အလက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုနိုင်ပါသည်။ ဤနေရာတွင် လူငယ်လူရွယ် ဆိုသည်မှာ အသက် 18 နှစ် အောက် လူပုဂ္ဂိုလ်များကို ဆိုလိုပါသည်။

 

           ကျွန်ုပ်တို့မှ စီမံကြီးကြပ်မှုပြုသည့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ဆိုသည်မှာ သင်၏ ရှေ့အမည်၊ မျိုးရိုးအမည်၊ နေရပ်လိပ်စာ၊ အီးမေးလ်၊ ရာထူးတာဝန်၊ ဖုန်းနံပါတ်နှင့်ဖက်စ်နံပါတ်၊ အခြားဆက်သွယ်နို်င်မည့်အချက်အလက်များ နှင့် ဆက်သွယ်ရေးနည်းလမ်းများ၊ လှုပ်ရှား ဆောင်ရွက်မှု၌ သင်၏ ဝင်ရောက်ပါဝင်မှု အသေးစိတ်၊ နိုင်ငံကူးလက်မှတ်/နိုင်ငံသားမှတ်ပုံတင်အမှတ်၊ မွေးရက်လနှစ်၊ ဓာတ်ပုံ၊ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်များ ဖြစ်သော အိုင်ပီလိပ်စာနှင့် ကွတ်ကီး (IP Address & Cookies)၊ အသုံးပြုသည့် ဆက်သွယ်ရေးကိရိယာ ပစ္စည်း အမျိုးအစားနှင့် တည်နေရာ စသည့် သင်မည်သူမည်ဝါ ဖြစ်သည်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်နွှယ် သိရှိနို်င်စေမည့် အချက်အလက်များကို ဆိုလိုသည်။ အချို့သော အခြေအနေများ၌ သင်၏ ခွင့်ပြုချက်ဖြင့် သင်၏ ပုဂ္ဂိုလ်ရေး အချက်အလက် များကို အခမ်းအနားပွဲကျင်းပရန်နေရာပေးသည့်ပိုင်ရှင်မျုား၊ အခမ်းအနားပွဲ (သို့) အရောင်းမြှင့်တင်ပွွဲများကို စီစဉ်ပေးသည့် ကန်ထရိုက်တာများ (သို့) ၎င်းတို့၏ကိုယ်စားလှယ်များ စသည့် တတိယလူပုဂ္ဂိုလ် များထံမှလည်း ကုမ္ပဏီမှ  ရယူစုဆောင်းသွားနိုင်ပါသည်။

 

ပုဂ္ဂိုလ်ရေးအချက်အလက် စီမံကြီးကြပ်မှု၏ ရည်ရွယ်ချက် – သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းရသည့် ရည်ရွယ်ချက်မှာ ကုမ္ပဏီ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လမ်းညွှန် အကြံပြုနိုင်ရေး၊ စိုက်ပျိုးရေးနှင့် စပ်လျဉ်းသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု (ရှိပါက) အသိပညာများ ပေးအပ်သွားနိုင်ရေး၊ ကုမ္ပဏီ၏ ကုန်စည် နှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်ရေး၊ ကုမ္ပဏီ၏ ကုန်စည် နှင့်/သို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာများနှင့် စပ်လျဉ်း၍ ပံ့ပိုးမှုများ ပေးအပ်သွားနိုင်ရေးတို့အတွက် သင့်ကို ဆက်သွယ်နိုင်ရန် (သို့) သင့်ကို ကုမ္ပဏီမှ သိရှိကာ ဝန်ဆောင်မှု များအတွက် ဆွေးနွေးတိုင်ပင်အကြံပြုနိုင်ရန် ၊ သင်နှင့် သင့်ကိုယ်ရေး အချက်အလက် တစ်စုံတစ်ရာ၏ တိကျမှန်ကန်မှုကို အတည်ပြုနိုင်စေရန် များအတွက် ဖြစ်ပါသည်။ ၄င်းပြင်၊ ကုမ္ပဏီ၏ မူဝါဒ၊ ဥပဒေ နှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ကြေညာချက်၊ သို ့မဟုတ် အမိန့်များကို လိုက်နာ ဆောင်ရွက် နိုင်ရန် ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်သော ကြေညာအသိပေးခြင်း၊ အရောင်းမြှင့်တင်ခြင်း (သို့) အခြား ဈေးကွက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု (သို့) အရောင်းမြှင့်တင်ရေး၌ ကိန်းဂဏန်းစာရင်းအင်းပိုင်း၊ ဈေးကွက်ပိုင်းဆိုင်ရာ ဆန်းစစ်လေ့လာမှုနှင့် စားသုံးသူ၏ ထင်မြင်ချက်ကို လေ့လာစူးစမ်းနိုင်ရန်နှင့် သင်၏ မေးခွန်းသံသယ များကို ပြန်လည် ဖြေကြား ပေးသွားနိုင်ရန် ရည်ရွယ်ပါသည်။

 

ပုဂ္ဂိုလ်ရေးအချက်အလက် ထုတ်ဖော်အသိပေးခြင်း – အထက် ဖော်ပြပါ ပုဂ္ဂိုလ်ရေးအချက်အလက်စီမံကြီးကြပ်မှု၏ရည်ရွယ်ချက် အရ ကုမ္ပဏီသည် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား ကုမ္ပဏီအုပ်စု၏ မည်သည့်နိုင်ငံ၌ မဆို ရှိသော လက်အောက်ခံ ကုမ္ပဏီခွဲ၊ ပွဲစီစဉ်ကျင်းပသူ၊ ကြော်ငြာပေးသူ နှင့် ဈေးကွက် မြှင့်တင်ရေး (သို့) အခြားသက်ဆိုင်ရာ အထောက်အကူများ ပေးအပ်သူတို ့ အပါအဝင် ပြင်ပလူပုဂ္ဂိုလ် များအား ထုတ်ဖော်အသိပေး နိုင်ပါသည်။ ဤသို့ ဖော်ထုတ်အသိပေးသည့် အချက်အလက်များကို လက်ခံရရှိသူ  ပြင်ပ လူပုဂ္ဂိုလ် (သို့) ကုမ္ပဏီ အဖွဲ့အစည်းသည် နိုင်ငရပ်ခြား၌ ရှိနေပါက ဗီယက်နမ် (သို့) လာအို (သို့) ကမ္ဘောဒီးယား (သို့) မြန်မာ (သို့) အခြားသက်ဆိုင်ရာ နိုင်ငံတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက် ကာကွယ်စောင့်ရှောက်မှု ဥပဒေများနှင့် ညီမျှသော လုံလောက်သော ပုဂ္ဂိုလ်ရေး အချက်အလက် ကာကွယ်မှုစံနှုန်းများ ရှိရပါမည်။

ပုဂ္ဂိုလ်ရေးအချက်အလက် သိမ်းဆည်းထားရှိသည့် အချိန်ကာလ – ကုမ္ပဏီသည် ဥပဒေနှင့်အညီ ကုမ္ပဏီ၏ ရည်ရွယ်ချက်များ နှင့်  အထက်ပါ “ပုဂ္ဂိုလ်ရေးအချက်အလက် စီမံကြီးကြပ်မှု ရည်ရွယ်ချက်” ၌ ဖော်ပြထားသည့်ရည်ရွယ်ချက်များ အရ သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား လိုအပ် ထိုက်သင့်သည့် အချိန်ကာလပတ်လုံး  စီမံကြီးကြပ်၊ သိမ်းဆည်းထားရှိသွားပါမည်။ ဥပဒေ      သို ့မဟုတ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ပုဂ္ဂိုလ်ရေးအချက်အလက်များစုဆောင်းရခြင်း၏ ရည်ရွယ်ချက်တွင်ဖော်ပြထားသည့် အချိန်ကာလထက်ပို၍လည်း ထားရှိသိမ်းဆည်းသွားနိုင်ပါသည်။

 

 

ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ သင်၏ အခွင့်အရေးများ – သင်မှ (1) မိမိ၏ သဘောတူညီချက် ကို ပြန်လည်ရုပ်သိမ်းခွင့် (2) သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ပယ်ဖျက်၊ ဖျက်ဆီး (သို့) လူပုဂ္ဂိုလ် သတ်မှတ်အတည်ပြု၍ မရနိုင်စေအောင် လုပ်ဆောင်ပေးရန် ကုမ္ပဏီအား တောင်းဆိုခွင့် (3) သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို အလိုအလျောက် စက်ကိရိယာဖြင့် အွန်လိုင်းတွင် ဖတ်ရှုနိုင် (သို့) အသုံးပြုနိုင်သော အချက်အလက် ပုံစံဖြင့် အခြားပုဂ္ဂိုလ်ရေး အချက်အလက် စီမံကြီးကြပ်သူထံ ပေးပို့ပေးရန် ကုမ္ပဏီအား တောင်းဆို်ခွင့် (4) သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ကုမ္ပဏီမှ စုဆောင်းရယူ အသုံးပြု ဖော်ထုတ်အသိပေးနေသည်ကို ကန့်ကွက်ဟန့်တား်ခွင့် (သို့)  အဆိုပါ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ကုမ္ပဏီမှ အသုံးပြုနေသည်အား ဆိုင်းငံ့ထားပါရန် တောင်းဆိုခွင့် (5) သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်အား ရရှိအသုံးချခွင့်နှင့် မိတ္တူအားတောင်းဆိုခွင့် (6) သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို ပစ္စုပ္ပန် ကာလ နှင့်အညီ မှန်ကန် ပြည့်စုံ စွာ ကုမ္ပဏီမှ လုပ်ဆောင်ပေးရန်ေတောင်းဆိုခွင့် (7) ပုဂ္ဂိုလ်ရေးအချက်အလက် ကာကွယ် စောင့်ရှောက်မှု ကြီးကြပ်စောင့်ရှောက်ရေး အရာရှိ (သို့) အဖွဲ့အစည်း (ရှိပါက) ထံ တင်ပြတိုင်ကြား်ခွင့် စသည်တို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားခွင့် ရှိသည်။ အကယ်၍ သင်၏ တောင်းဆိုချက်အား ကုမ္ပဏီမှ ေဆောင်ရွက်ပေးရသည့် ကိစ္စမျိုး၌ ကုမ္ပဏီမှ သင့်အတွက် အချို ့သောဝန်ဆောင်မှုများကို ပေးအပ်နိုင်ခြင်းမရှိတော့သည်မျိုးများဖြစ်လာနိုင်ပါသည်။  ဥပမာ သင်တောင်းဆိုလာသည့် ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များကို အကြံပြုပေးဆောင်နိုင်ခြင်းမျိုးရှိနိုင်မည်မဟုတ်ပါ။

 

            ကျွန်ုပ်တို့ကို ဆက်သွယ်ရန် – သင့်၌ ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက်ရေး မူဝါဒနှင့် စပ်လျဉ်း၍ မေးခွန်း သံသယ တစ်စုံတစ်ရာ ရှိပါက (သို့) သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်စီမံကြီးကြပ်မှု ဆိုင်ရာ းကိစ္စနှင့် စပ်လျဉ်း၍ မိမိ၏ အခွင့်အရေး တစ်စုံတစ်ရာအား  တောင်းခံလိုပါက E-mail : [email protected] (သို့) Call Center : +662-0291747 ထံသို့ မေးမြန်း ဆက်သွယ် နိုင်ပါသည်။

ကျွန်ုပ်မှ စယမ်းကူဘိုတာကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်(“SKC”) နှင့်သက်ဆိုင်ရာကုမ္ပဏီများ နှင့် ကုမ္ပဏီအုပ်စု၏လက်အောက်ခံ  အခြားကုမ္ပဏီခွဲ  (ပေါင်းစုလျက် SKC ဟု သုံးနှုန်း) အပါအဝင် ကုမ္ပဏီ၏ ကိုယ်စားလှယ်၊ ဖောက်သည်၊ စီးပွားရေးမိတ်ဖက်၊ ခရက်ဒစ်နှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူ နှင့်အခြားဆိုင်ရာ လူပုဂ္ဂိုလ် များမှ ကျွန်ုပ်ကို ဆက်သွယ်၍ ကျွန်ုပ်စိတ်ဝင်စားမှု ရှိနို်င်သည့် ၎င်းတို့၏ ကုန်ပစ္စည်းနှင့် စပ်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ SKC ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို လမ်းညွှန် မိတ်ဆက် တင်ပြ အကြံပြုပေးမှုများ  အတွက်နှင့် [Hyperlink  လင့်ခ်လိပ်စာ] ၌ ဖော်ပြထားသည့် ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်စောင့်ရှောက်ရေး မူဝါဒအရ အခြားသော ရည်ရွယ်ချက်တစ်စုံ တစ်ရာ အတွက် မိမိ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ကို စုဆောင်းရယူ အသုံးချ ဖော်ထုတ် အသိပေးခြင်းနှင့် ၎င်းတို့အား စီမံကြီးကြပ်မှုများ ပြုလုပ်နိုင်ရန် သဘောတူ ခွင့်ပြု ပါသည်။  အထက်ပါ ရည်ရွယ်ချက်များ အတွက် (သို့) ဤစာတမ်း၌ ဖော်ပြထားသည့် အထက်ပါ ရည်ရွယ်ချက်နှင့် တိုက်ရိုက် စပ်ဆိုင်နေသည့် ကိစ္စရပ်များ အတွက် မိမိ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဗီယက်နမ်နိုင်ငံ ပြင်ပသို့ ပေးပို့ လွှဲပြောင်းသွားခြင်းကိုလည်း ကျွန်ုပ်မှ  သဘောတူ ခွင့်ပြု ပါသည်။